|
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မဟာသိပ္ပံဘွဲ့သင်တန်းအတွက်လျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University)တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အတွက် အောက်ပါမဟာသိပ္ပံဘွဲ့သင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်-
ဖွင့်လှစ်မည့်သင်တန်း သင်တန်းကာလ
ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်ရေး အချိန်ပိုင်း (၂) နှစ်
စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့
M.Sc ( Logistics & Supply Chain Management )
၂။ ပညာအရည်အချင်းသတ်မှတ်ချက်
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုမှ ဘွဲ့တစ်ခုခုရရှိပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် မှ ဖွင့်လှစ်သည့် သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ(Dip.SM)/ ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Dip.PM) / ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Dip.TLM) သင်တန်းတစ်ခုခုအား ပျှမ်းမျှအမှတ် ( ၆၅ )မှတ်နှင့် အထက် ရရှိအောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
၃။ မဟာသိပ္ပံဘွဲ့သင်တန်းအတွက် ဝန်ထမ်းဖြစ်လျှင်(ပုဂ္ဂလိကလုပ်ငန်းအပါအဝင်) ၊ ဌာနဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်။ လုပ်ငန်းခွင်နှင့်ဆက်စပ်မှုရှိသူများကို ဦးစားပေးစဉ်းစားမည်။
၄။ မဟာသိပ္ပံဘွဲ့သင်တန်းကို တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ( ၅ : ၀၀ ) နာရီမှ ( ၇ : ၀၀ ) နာရီနှင့် စနေနေ့ နံနက်( ၈ : ၀၀ )နာရီမှ ညနေ( ၄ : ၀၀ )နာရီအထိ တစ်ပတ်လျှင် ၆ ရက် သင်ကြားပို့ချမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံ အနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန၀င်းအတွင်းရှိ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန( HRDC )တွင် ပို့ချပေးမည်ဖြစ်ပါသည်။
၅။ ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ စတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၃ ရက် နောက်ဆုံး ထား၍ ရုံးချိန်အတွင်း နံနက်( ၉း၀၀ )မှ ညနေ( ၄း၀၀ )နာရီအတွင်း ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ ဝင်ခွင့် လျှောက်လွှာနှင့်အတူ ၊ ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် ရရှိခဲ့သည့် အမှတ်စာရင်း မူရင်း နှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ၊ ပတ်စပို့အရွယ်ဓါတ်ပုံ( ၃ )ပုံတို့ကို ပူးတွဲတင်ပြရမည်။ သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၆။ ဝင်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည်စုံမှန်ကန်ခြင်းမရှိပါကထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။
၇။ အထက်ပါ မဟာသိပ္ပံဘွဲ့သင်တန်းအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊ လူတွေ့ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည့်နေ့ရက်နှင့် လူတွေ့ဖြေဆိုရမည့်အစီအစဉ်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ Website www.mmu.edu.mm တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
၈။ အသေးစိတ် အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းနံပါတ်- ၀၉-၄၂၃၅၁၀၈၅၄ သို့ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက်လျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University)တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အောက်ပါဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်-
ဖွင့်လှစ်မည့်သင်တန်းများ သင်တန်းကာလ လက်ခံမည့်ဦးရေ
(က) သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်း( ၁ )နှစ် ၅၀
(Post-Graduate Diploma in Shipping Management)
( ခ ) ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်း( ၁ )နှစ် ၅၀
(Post-Graduate Diploma in Port Management)
( ဂ ) ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်း( ၁ )နှစ် ၇၀
( Post-Graduate Diploma in Transport and
Logistics Management )
၂။ ပညာအရည်အချင်းသတ်မှတ်ချက်
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
( ခ ) လုပ်ငန်းခွင်နှင့်ဆက်စပ်မှုရှိသူများကို ဦးစားပေးစဉ်းစားမည်။
၃။ ဒီပလိုမာသင်တန်းအားလုံးအတွက် ဝန်ထမ်းဖြစ်လျှင်( ပုဂ္ဂလိကလုပ်ငန်းအပါအဝင် )၊ ဌာနဆိုင်ရာအကြီး အကဲ၏ ခွင့်ပြုချက်ပါရှိရမည်။
၄။ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို တစ်ပတ်လျှင် ၅ ရက်၊ တနင်္လာနေ့ မှ သောကြာနေ့ အထိ နံနက် ( ၇ : ၀၀ ) နာရီ မှ နံနက်( ၉ : ၀၀ )နာရီ အထိ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာန၀င်းအတွင်းရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန( HRDC )တွင် ပို့ချပေး မည်ဖြစ်ပါသည်။
၅။ သင်တန်းအောင်မြင်ပြီးဆုံးပါက အောက်ပါအတိုင်း ဘွဲ့လွန်ဒီပလိုမာဘွဲ့များ ပေးအပ်မည်ဖြစ်ပါသည်-
(က) Post-Graduate Diploma in Shipping Management Dip. SM
( ခ ) Post-Graduate Diploma in Port Management Dip. PM
( ဂ ) Post-Graduate Diploma in Transport and Dip.TLM
Logistics Management
၆။ ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်တွင် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်မှ စတင်ထုတ်ယူနိုင်ပြီး၊ နိုဝင်ဘာလ ၁၃ ရက် နောက်ဆုံး ထား၍ ရုံးချိန်အတွင်း နံနက်( ၉း၀၀ )မှ ညနေ( ၄း၀၀ )နာရီအတွင်း ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။ ဝင်ခွင့် လျှောက်လွှာနှင့်အတူ ပတ်စပို့ဓါတ်ပုံ(၃)ပုံ ၊ ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း နှင့် မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။ သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၇။ ဝင်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည်စုံမှန်ကန်ခြင်းမရှိပါက ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။
၈။ အထက်ပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း၊ လူတွေ့ဖြေဆိုခွင့် ကတ်ပြားထုတ်ပေးမည့်နေ့ရက်နှင့် လူတွေ့ဖြေဆိုရမည့်အစီအစဉ်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Website www.mmu.edu.mm တွင် လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါ သည်။
၉။ အသေးစိတ် အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းနံပါတ်- ၀၉-၄၂၃၅၁၀၈၅၄ သို့ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
|